အထူးအစည်းအဝေး
လွှတ်တော်အထူးအစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကိုဖြစ်စေ ကျင်းပရန် လိုအပ်လျှင် နာယက က ခေါ်ယူကျင်းပနိုင်သည်။
လွှတ်တော်အစည်းအဝေးကို ခေါ်ယူကျင်းပရန် နိုင်ငံတော်သမ္မတက အကြောင်းကြား လျှင် နာယက သည် လွှတ်တော်အထူးအစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကို ဖြစ်စေ အမြန်ဆုံးခေါ်ယူကျင်းပရမည်။
လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပပေးရန် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက တောင်းဆိုလျှင် နာယက က အထူးအစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပရမည်။
{{ item.review }}
Read More