စာကြည့်တိုက်နှင့် စာငှားဝန်ဆောင်မှု

  • စာကြည့်တိုက်နှင့် စာငှားဝန်ဆောင်မှုများတွင် e-Circulation System ကို အသုံးပြု၍ စာငှားဝန်ဆောင်မှုပေးခြင်း၊
  • ကတ်တလောက်ပုံးများထားရှိ၍ ကတ်တလောက်ကဒ်များဖြင့် (စာရေးသူ၊ ပညာရပ်၊ စာခေါင်းစဉ်) တို့ဖြင့် ရှာဖွေခြင်း၊
  • (Online Public Access Catalog) (OPAC) e-Lib Software ကို အသုံးပြု၍ စာကြည့်တိုက်ရှိ စာအုပ်များအား ကြည့်ရှု၍ရှာဖွေနိုင်ခြင်း၊
  • Hluttaw Library Facebook Page တွင် အသစ်ရောက်ရှိလာသော စာအုပ်များကို ကြည့်ရှုနိုင်ခြင်း၊
  • ပြဋ္ဌာန်းပြီးဥပဒေများနှင့် နည်းဥပဒေများအား Soft Copy / Hard Copy ပေးခြင်း၊
  • သတင်းအချက်အလက်နှင့် လိုအပ်သည့် အထောက်အထားများ ရှာဖွေဝန်ဆောင်မှုပေးခြင်း၊
  • စာကြည့်တိုက်တွင် ရည်ညွှန်းစာဖတ်ခန်းငယ်ထားရှိပေးခြင်းနှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမအနီးရှိ စာဖတ်ခန်းတွင် သီးသန့်ဝန်ဆောင်မှုပေးခြင်းတို့ဖြစ်ပါသည်။

 

e-Library နှင့် e- resource Center ဝန်ဆောင်မှု

  • e-Library နှင့် e- resource Center ဝန်ဆောင်မှုတွင် e-book များကို Calibre Software  မှတစ်ဆင့် ဘာသာရပ်စုံလင်စွာ ဖတ်ရှုလေ့လာနိုင်ခြင်း၊
  • ပြဋ္ဌာန်းပြီး ဥပဒေနှင့်နည်းဥပဒေများကို PDF Format ဖြင့် တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ခြင်း၊
  • လုံခြုံမှုရှိသော Computer များဖြင့် Online Searching ပြုလုပ်နိုင်ခြင်း၊
  • Hluttaw Network တစ်ခုအတွင်း ချိတ်ဆက်အသုံးပြုနေသည့် Electronic Device များ (Computer, Laptop, Mobile Phone) တို့မှ တစ်ဆင့် e-lib နှင့် Calibre Software များကို Intranet System ဖြင့် အသုံးပြုနိုင်ရန် စီမံထားခြင်း၊

 

Drop In Services (ဝန်ဆောင်မှု)

လွှတ်တော်အစည်းအဝေးကျင်းပချိန်ကာလများတွင် လွှတ်တော်ကိုယ်စားလှယ်များအား ICT ဆိုင်ရာဘာသာရပ်၊ အင်္ဂလိပ်ဘာသာစကား၊ နိုင်ငံတကာပါလီမန်ဆိုင်ရာ သတင်းအချက်အလက် ဗဟုသုတများမျှဝေခြင်း၊ ဆွေးနွေးခြင်း အစီအစဉ်များအား အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် နေ့လယ် (၁)နာရီ မှ ညနေ (၄) နာရီအထိ ဝန်ဆောင်မှုပေးပါသည်။ စာကြည့်တိုက်နှင့် လွှတ်တော် အသီးအသီးရှိ စာဖတ်ခန်းများတွင် ကြိုတင်စာရင်းပေးသွင်းစေပြီး UNDP မှ သက်ဆိုင်ရာဘာသာရပ်၏ ပညာရှင်များဖြင့်ချိတ်ဆက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပါသည်။

 

စာငှားသတ်မှတ်ချက်များ

  • စာကြည့်တိုက်ရှိ စာအုပ်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ သာလျှင် ငှားရမ်းဖတ်ရှုနိုင်ခြင်း၊
  • လွှတ်တော်ကိုယ်စားလှယ်များအတွက် စာအုပ် (၁၀) အုပ်ကို ကာလ(၁)လ၊ သက်တမ်းတိုး (၁)ကြိမ် (၂)ပတ် ထပ်မံတိုးမြှင့်၍ ငှားရမ်းခွင့်ပေးခြင်း၊
  • လွှတ်တော်ဝန်ထမ်းများအတွက် စာအုပ် (၅) အုပ်ကို ကာလ(၂)ပတ်၊ သက်တမ်းတိုး (၁)ကြိမ် (၂)ပတ် ထပ်မံတိုးမြှင့်၍ ငှားရမ်းခွင့်ပေးခြင်း၊
  • ရည်ညွှန်းစာအုပ်များ၊ မော်ကွန်းမှတ်တမ်းများ၊ လွှတ်တော်ဆိုင်ရာစာအုပ်၊ စာတမ်းများ၊ အထောက်အထားများကို စာကြည့်တိုက်အတွင်း၌သာ ဖတ်ရှုနိုင်ခြင်း၊
  • အပတ်စဉ်၊ လစဉ်ထုတ်သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများကို ပြည်ထောင်စုလွှတ်တော် စာဖတ်ခန်း၌သာ ဖတ်ရှုနိုင်ခြင်း၊