IPU (Inter-parliamentary Union)
နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)
နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ဆိုသည်မှာအချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပါလီမန် များဖြင့်ဖွဲ့စည်းထားသောနိုင်ငံတကာပါလီမန်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ (IPU) ကိုနိုဘယ်ငြိမ်းချမ်းရေးဆုရှင်များဖြစ်ကြသည့် ပြင်သစ်လူမျိုး မစ္စတာဖရက်ဒရစ်ပတ်ဆီနှင့် အင်္ဂလိပ်လူမျိုး မစ္စတာ ဝီလီယမ်ရန်ဒယ်ခရီးမားတို့က ၁၈၈၉ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
IPU၏ ရည်မှန်းချက်မှာ ကမ္ဘာ့ပြည်သူများအကြား ငြိမ်းချမ်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက်လည်းကောင်း၊ ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်းများအားခိုင်မာစွာ ဖွဲ့စည်းတည်ထောင်ရေးအတွက်လည်းကောင်း ဆောင်ရွက်ရန်ဖြစ်ပါသည်။
IPU၏ အဓိကလုပ်ငန်းနယ်ပယ်များမှာ-
• ခိုင်မာအားကောင်းသော ပါလီမန်များဖြစ်တည်ရေး
• ကျား/မတန်းတူညီမျှမှု
• လူ့အခွင့်အရေးများ
• စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး
• ငြိမ်းချမ်းရေးနှင့်လုံခြုံရေး
• ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှု
• လူငယ်ရေးရာကဏ္ဍ တို့ဖြစ်ကြပါသည်။
လက်ရှိကာလတွင် IPU ၌ အဖွဲ့ဝင်ပါလီမန် ၁၇၈ ခုနှင့် မိတ်ဖက်အဖွဲ့ဝင် ၁၂ ခု ရှိပါသည်။ မြန်မာနိုင်ငံပြည်ထောင်စုလွှတ်တော်သည် IPUအဖွဲ့သို့ ၂၀၁၂ ခုနှစ်တွင်ဝင်ရောက် ခဲ့ပါသည်။
နိုင်ငံတကာပါလီမန်များအဖွဲ့သည်-
(၁) ကမ္ဘာ့နိုင်ငံအားလုံးရှိလွှတ်တော်များအချင်းချင်း၊ လွှတ်တော်ကိုယ်စားလှယ်များအချင်းချင်းဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့်အတွေ့အကြုံဖလှယ်မှုတို့ကို တိုးမြှင့်ဆောင်ရွက်မည်။
(၂) နိုင်ငံတကာအကျိုးစီးပွားဆိုင်ရာ မေးခွန်းများ ( ကိစ္စရပ်များ)ကိုလေ့လာသုံးသပ်ပြီး IPU အဖွဲ့ဝင်လွှတ်တော်များနှင့်လွှတ်တော်ကိုယ်စားလှယ်များ၏ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ရန်ရည်ရွယ်ချက်ဖြင့် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်သည့် IPU ၏ရှုမြင်ချက်များ၊ သဘောထားများကို ထုတ်ဖော်ကြေညာမည်။
(၃) လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်ပြီးလွှတ်တော် ဆိုင်ရာ ဒီမိုကရေစီနှင့် လွှတ်တော်များ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက် တစ်ရပ်ဖြစ်သောကြောင့် IPUသည် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေးအတွက် ပါဝင်ဆောင်ရွက်မည်။
(၄) ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်းများလုပ်ငန်းဆောင်ရွက်ရာတွင်ပိုမိုကောင်းမွန်သော နည်းပညာသုတများရရှိရေးနှင့်လုပ်ငန်းဆောင်ရွက်ပုံနည်းလမ်းများ ပိုမိုအားကောင်း ဖွံ့ဖြိုးရေးတို့အတွက်ပါဝင်ဆောင်ရွက်မည်။
IPU သည် ကုလသမဂ္ဂအဖွဲ့နှင့်လည်းကောင်း၊ ရည်မှန်းချက်တူညီသည့်အခြား မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်းကောင်း နီးကပ်စွာပူးပေါင်းဆောင်ရွက်ပါသည်။ IPU သည် ကမ္ဘာ့ပြည်သူ့တို့၏သဘောထားအမြင်များကို အနီးစပ်ဆုံးထင်ဟပ်ဖော်ပြနေသည့် အဖွဲ့အစည်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်လူဦးရေးသန်းခုနှစ်ထောင်ခန့်ရှိသည့်အနက် IPU အဖွဲ့ဝင်ပါလီမန်များ တည်ရှိသည့်နိုင်ငံများတွင် လူဦးရေ သန်းထောင်ပေါင်း ၆၅၀၀ခန့်နေထိုင်ကြပါသည်။ အဆိုပါ ကမ္ဘာ့ပြည်သူတို့ကရွေးကောက်တင်မြှောက်ထားသော နိုင်ငံအသီးသီးမှလွှတ်တော်ကိုယ်စားလှယ်များသည် IPU ၏မူဝါဒများကို ချိတ်ဆက်ပါဝင်အကောင်အထည်ဖော်လျှက် ရှိကြပါသည်။ IPU သည် ကမ္ဘာပေါ်ရှိ ပါလီမန်များကိုစုစည်းပေးခြင်းအားဖြင့် ကမ္ဘာ့ပြည်သူများကို ပေါင်းစည်းပေးလျက်ရှိပါသည်။
IPU တွင် အဖွဲ့ဝင်ပါလီမန် ၁၇၈ ခု၊ မိတ်ဖက်အဖွဲ့ဝင် ပါလီမန် ၁၂ ခု၊“အမြဲတမ်းလေ့လာသူအဖွဲ့အစည်း” ၇၀ ခု ခန့်ရှိပါသည်။ဌာနချုပ်သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ တည်ရှိပါသည်။ IPU ညီလာခံကို တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပပါသည်။ မြန်မာနိုင်ငံလွှတ်တော်နှင့် “အိမ်နီးချင်းနိုင်ငံပါလီမန်များ”၊ “ဒေသတွင်းနိုင်ငံပါလီမန်များ” မှာ အောက်ပါတို့ ဖြစ်ကြ ပါသည်-
အိမ်နီးချင်းနိုင်ငံပါလီမန်များ
- ကမ္ဘောဒီးယား
- အင်ဒိုနီးရှား
- လာအို
- မလေးရှား
- ဖိလစ်ပိုင်
- စင်ကာပူ
- ထိုင်း
- ဗီယက်နမ်
ဒေသတွင်းနိုင်ငံပါလီမန်များ
- တရုတ်
- ဂျပန်
- ကိုရီးယား
- အိန္ဒိယ
- သြစတြေးလျ
- နယူးဇီလန်
၁၀၅၀ ပြည့်လွန်နှစ်များ အစပိုင်းတွင် IPU အဖွဲ့အတွင်း၌ပထဝီနိုင်ငံရေးအုပ်စုများကို စတင်ဖွဲ့စည်းခဲ့ပါသည်။ လက်ရှိကာလတွင် IPU ၏ပထဝီနိုင်ငံရေးအုပ်စု ၆ခု သည် IPU ၏ လုပ်ငန်းဆောင်ရွက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ပထဝီ နိုင်ငံရေး အုပ်စု ၆-ခု မှာအောက်ပါတို့ဖြစ်ကြပါသည်-
Facebook Link: IPU Facebook